ရာဇဝင်အဆက်ဆက်မှာ လူမျိုးအချင်းချင်းပေါင်းပြီး လူမျိုးသစ်ဖြစ်လာတာ၊ လူမျိုးတစ်မျိုးက တစ်မျိုးကို မျိုသွားတာတွေ ရှိသားပဲ။ တရုတ်ခေါ်ခေါ်၊ အင်္ဂလိပ်ခေါ်ခေါ် လူတွေလည်း လူလူချင်း ရောနှောသွားတာပဲ၊ အထွေးတော့ ဘာမှ ကန့်ကွက်စရာမရှိပါဘူး၊ ဗမာမှ ယူမယ် စိတ်မကူးပါဘူး။ တကယ်တော့ ဂျာမန်ကောင်းကင်မှာ ဂျူးလူမျိုးတွေ ပြာကျတဲ့ အငွေ့နဲ့ မှောင်မည်းသွားတဲ့ အဖြစ်မျိုးသာ ကြောက်စရာ ရွံ့စရာပါ။
—Kyi Aye
ချမ်းသာသုခ ဆိုသည့်နောက်ကို တကောက်ကောက်ပင် တစ်သက်လုံးလိုက်သော်လည်း ဖမ်းမမိခင် မြေ၌လျောင်းစက်ရလေ့ရှိကာ ၊ မတော်တဆ ရရှိလျှင်တော့ တွေဝေမှိုင်းမြ၍ ခဏမျှ သတိလစ်လိုက်သော် အပ်ပျောက်မြေကျ ရှာမရဖြစ်ရတတ်သည်။
မိန်းမဟူသည်ချောမောလှပမှ သို့မဟုတ် ပညာဉာဏ်ကြီးမားမှ သို့မဟုတ် ဖွဲမျှသာတည်း။
စိတ်သက်သာမှုအတွက် အဓိပ္ပါယ်မရှိသော မိုက်သည်၊ လိမ္မာသည်၊ ရှက်သည်ဆိုတာတွေ နောက်ကိုလိုက်တော့မည်။ အဓိပ္ပါယ်မရှိ၊ အဘယ်ကြောင့်ဆိုလျှင် အမိုက်နှင့်အလိမ္မာသည် ပြောင်းလဲနေသော အချိန်ကာလများက တစ်မျိုးပြီးတစ်မျိုး အမည်တပ်ထားသော လူတို့၏ ရမ်းဆချက်များသာ ဖြစ်တော့သည်။
စီးကရက်လုပ်သူများကို ကျေးဇူးတင်မိ၏ ။ စိတ်လေလွင့်ချိန်၌ လုပ်စရာအလုပ်တစ်ခုလည်းရ၏ ။ မိုက်မိုက်မဲမဲ အလိပ် ၅၀ ဝင်ဘူးလည်း တစ်ခါတည်း ဆက်တိုက်သောက်ကာ အော့အန်မူးဝေပြီးလည်း ခေါင်းကိုက်နိုင်၏ ။ အရက်လို မိန်းမလိုတော့ ဆိုးဝါးညစ်ညမ်းသည် မဟုတ်လို့ အန္တရယ်ဖြစ်စရာရှိ၍ ဖြစ်ရလျှင်လည်း အဆုပ်ရောဂါနှင့် ကင်ဆာသာဖြစ်နိုင်သည်မို့ သန့်ရှင်း၍ ဣနြေ္ဒရသော လူမမာဖြစ်နိုင်ပေသေး၏ ။
စင်စစ်တော့လည်း တစ်ဦး၏အတွင်းစိတ်ကို တစ်ဦးသိနိုင်အောင်သာ လူခပ်သိမ်းတို့အား ဘယ်လူမျိုး၏ ဘုရားဖြစ်ဖြစ် တစ်ဆူသောဘုရားက ဖန်တီးခဲ့မည်ဆိုလျှင် ဒီကမ္ဘာကြီး၏ အရှုပ်အထွေးများမှာ အနည်းနှင့်အများတော့ ပြေလည်စရာအကြောင်း ရှိပေဦးမည်။
အနုပညာသမားပေါ့.. စိတ်ကိုသိမ်မွေ့ ယဉ်ကျေးစေရုံမက အထီးတည်းနိုင်စေသော၊ သူတကာနှင့် မရောနိုင်စေသော၊ တစ်ယောက်ထည်း ဖယ်ခွာထွက်လာစေသော ထိုအရာသည် ဝေဒနာခံစားရာ၌ ပြင်းပြစေဦးမည်။ အကောင်းကိုချည်း အလှကိုချည်း မျှော်မှန်းစေဦးမည်။ ခွင့်လွှတ်ခက်ခဲသော သဘောထားစေမည်။ စိတ်ကူးယဉ်တတ်စေဦးမည်။
ချစ်ခြင်းမေတ္တာဆိုသည်မှာ အကျိုးနပ်သည်ဖြစ်စေ မနပ်သည်ဖြစ်စေ၊ လူ့ဘဝကိုတော့ အဓိပ္ပာယ်ရှိစေသည်။
ကျွန်တော်ကတော့ ရိုးဖြောင့်ချင်သူမျှသာ ဖြစ်ပါတယ်။ ကျွန်တော် နှစ်သက် သဘောကျသလိုသာ သူများကို မထိပါးစေဘဲ နေချင်ပါတယ်။
တွယ်ငြိချင်လျှင် နာကျင်တတ်သော ရုပ်ကို မရှာလေနှင့်၊ အာရုံကို နားမလည်သည့် စိမ်းမြသောအကြောရှိသည့် သစ်ပင်ပန်းရွက်၌သာ နားခိုပါချေ။
လောက၌ အိပ်မက် မက်တတ်သူသာ မက်ရသည်ပဲ။ ဒါဟာ နန္ဒာရဲ့ အမှားတော့ ဖြစ်သည်။ သို့သော် နန္ဒာမပြုလုပ်ခဲ့ရသော မွေးကတည်းက ပါသော အမှားဖြစ်သည်။ ထိုအမှားကြောင့် စိတ်သိမ်မွေ့ရသည်။ အထီးတည်းနိုင်ရသည်။ သူတကာနှင့် ရောလို့ မရသည်။ တယောက်တည်း ဖဲခွာထွက်လာတတ်စေသည်။ ဝေဒနာခံစားရာ၌ ပြင်းပြစေသည်။ လောက၍ အကောင်းဆုံးချည်း၊ အလှကိုချည်းမြင်စေ၊ မျှော်မှန်းစေပြီး အကောင်းနှင့်အလှဆိုတာချည်း ဖြစ်နိုင်သည်ဟု ယုံမှားစေသေး၏။ စိက်ကူးယဉ်စေ၏။ စိတ်ဒဏ်ရာ ရလွယ်စေ၏။ မေ့ပျောက်ခဲစေ၏။
ချစ်တယ်ဆိုတာ တဖြည်းဖြည်း တွယ်တာလာတာကို ခေါ်တာ မဟုတ်ဘူး။ စတွေ့လို့ မျက်လုံးချင်း ဆုံလိုက်တည်းက နှလုံးမှာ ထိခိုက်တဲ့ ကိုယ့်ဘာသာ ကောင်းကောင်းသိတဲ့ ဒဏ်ရာတစ်ချက်ပဲ။
ဆင်ဆိုသည်မှာ ဘာနှင့်တူပါသလဲဆိုသည်ကို ဖြေဖို့ စုံစမ်းကြသော မျက်မမြင်ပုဏ္ဏားခြောက်ယောက်လိုပင် လူတိုင်းသည် ကိုယ့်အသိဥာဏ်၊ ပညာအရည်အချင်းနှင့် ဘဝအတွေ့အကြုံကို အားကိုးပြုပြီး မေးခွန်းများစွာရဲ့ အဖြေကိုရှာကြရသည်။
ကျော်ကြားတာကို ဂရုမစိုက်ဘူးဆိုတာ ကျော်ကြားပြီးတဲ့ လူတွေ ၊ ဒါမှမဟုတ် ဘယ်တော့မှ ကျော်ကြားမှာမဟုတ်တဲ့လူတွေ အဲသည်လူတွေကသာပြောတယ်လို့ ကျွန်မထင်တယ် ။
ဘဝမှာ မိဘရယ် ၊ သားသမီးရယ် ၊ ညီအစ်ကိုမောင်နှမရယ် ၊ နောက်ဆုံးလင်မယားဆိုတာတောင် မတော်တဆ ကြုံတွေ့ကြတာမို့ တစ်ယောက်နဲ့တစ်ယောက် မတန်တဆ မမျှော်မှန်းထိုက်ဘူး ၊ မလိုချင် မတောင်းခံထိုက်ဘူး ။ ပေးသမျှ ကိုသာ ကျေးဇူးတတင် ယူထိုက်တယ် ။
မြနန္ဒာ၏ ပုံတူများ ဆွဲပြီးလျှင် အိပ်ရာခေါင်းရင်း၌ စီတန်းချိတ်ဆွဲနိုင်မည်။ သာမန်လူအပေါင်းတို့ စော်ကားခြင်းမှ ကင်းလွတ်ရန် ဖဲလိုက်ကာဖြူဖြင့်တော့ ဖုံးအုပ်ထားမည်။ တစ်ကိုယ်ကောင်းဆန်လို၍တော့ မဟုတ်။
Do Not Sell My Personal Information
Exercise your consumer rights by contacting us below Privacy Policy
[email protected]
Personalized advertisements
Turning this off will opt you out of personalized advertisements delivered from Google on this website.